Healthy Diet (ကျန်းမာရေးနဲ့ ညီညွတ် သောစားသောက်မှုပုံစံ)

DIET

ကျွန်တော် တို့ တွေ က healthy diet လို့ ပြော လိုက် ရင် များ သော အား ဖြင့် အရွက် စိမ်းစိမ်းနဲ့ ဘာအသားငါးမှ မပါ၊ ထမင်းမပါ တဲ့ diet plan တစ် မျိုး ကို ပြေးမြင် တတ် ကြတယ်။
အမှန် တကယ် တော့ healthy diet ဆိုတာ မျှတ ညီညွတ် တဲ့ အစာမျိုး ကို ဆိုလို တာပါ။

မျှတ ညီညွတ် တဲ့အစာ

မိမိလိုအပ်တဲ့ အစာအဟာရ ပမာဏနဲ့ ညီမျှတဲ့ အစာအဟာရ ကို ညီညွတ်မျှတအောင် စားသုံးခြင်းကို ဆိုပါတယ်။ လိုအပ်တဲ့ အစာ ပမာဏ ဟာ တစ် ဦးတစ် ယောက် ချင်းစီ ရဲ့လူနေမှု လုပ် ရှားမှု တွေ ပေါ် မူတည်ပြီး ကွဲ ပြား နေနိုင်ပါတယ်။ ဒါကြောင့် မိမိ ရဲ့ တစ်ရက် တာ လှုပ်ရှား မှု၊ energy သုံးစွဲ မှု ပေါ် မူ တည် ပြီးစား သုံးရမှာ ဖြစ် ပါတယ်။

သန့်ရှင်းလတ်ဆတ် တဲ့ အစာ
မျှတညီညွတ် တဲ့ အစာ ဆိုတာ ဟာ တစ်ဦးတစ် ယောက် ချင်းစီ တိုင်း တွက် မတူကွဲပြား မှုတွေ ရှိနေနိုင်ပေမယ့် သန့်ရှင်းလတ်ဆက် မှု ကတော့ သတ်မှတ်မှုအဆင့် တစ်ခု အနေနဲ့ လူတိုင်းအတွက် ထားလို့ ရနိုင်ပါတယ်။
အခုခေတ်မှာ သန့်ရှင်းလတ်ဆတ်မှုလို့ပြောလျင် အမြင်ပိုင်း သန့်ရှင်းလတ်ဆက်မှု (အသုံးအဆောင်ပစ္စည်းသန့်တာတို့၊ အစားအစာကို ယင်ကောင်၊ဖုန်မှုန့် ကင်းအောင် ထားတာ တို့......) ဟာ အနည်းနဲ့ အများ လုပ် ဆောင် နိုင် ကြပါတယ်။ ရှောင်လွှဲ ရ မလွယ် မမြင်ရတဲ့ သန့် ရှင်းလတ်ဆက် မှု တွေ ကတော့ ပိုးသတ်ဆေးတို့၊အသီးအနှံအားတိုးဆေးတို့၊ အသီးတာရှည်ခံဆေးတို့၊ အသားငါးဆိုလျင်လည်း ကြာရှည် ခံဆေးရည်စိမ်တာမျိုး၊ အသားလှဆေးသုတ်လိမ်းတာမျိုး၊ အလွန် အကျွံ သုံးထားတာ မျိုး ဟာလည်း မသန့်တဲ့ အစားအစာ မျိုး လို့ သတ်မှတ် ရမှာ ပါ။ ဒါ တွေ ဟာ ရေရှည် မှာစားသုံးသူ ရဲ့ကျန်းမာရေး ကို သိသိသာသာ ကျဆင်းထိခိုက် လာ နိုင်လို့ ပါ။

"သန့်ရှင်းလတ်ဆတ်မှုဆိုတာဟာ ခြံရှေ့ မှာ ပေါက်နေတဲ့ မာလကာသီးပင်ပေါ်က အသီး ကို ခူးစွပ်ရေဆေးပြီး စိတ်ချလက်ချ တကျွတ်ကျွတ် အရသာရှိရှိ စားနိုင်တဲ့ အစာမျိုးပါ" 

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံ ဆို တာ သန့်ရှင်းလတ်ဆက်တဲ့ အစားအစာတွေကိုညီညွတ်မျှတစွာ စားသုံးတာမျိုးကို ဆိုလိုတာပါ။


Comments