3M Food court ရဲ့ Signature ဟင်းလို့တောင်တင်စားခံရတဲ့ ၀က်သားနီချက် ဟင်းလျာချက်နည်းလေးဝေမျှပေးပါမယ်နော် ခုမျှဝေပေးတဲ့နည်းလမ်းလေးကတော့ 3M Food court ရဲ့ ဟင်းချက်နည်းစဥ်အတိုင်းပြောပြပေးသွားမှာပါရှင့် ပါဝင်ပစ္စည်းလေးတွေကတေ့ ၀က်သား ၁ပိသာ သကြား ထမင်းစားဇွန်း ၃ဇွန်း ကြာညှို့အနည်းငယ် ဆား အနည်းငယ် ဟင်းချိုမှုန့်အနည်းငယ် ဂျင်းအနည်းငယ် ကြက်သွန်ဖြူနီ အရောင်တင်မှုန့် နနွင်းမှုန့် ပြုလုပ်ပုံအဆင့်ဆင့် အဆင့် (၁) ၀က်သားနှင့် ပါ၀င် ပစ္စည်းများကို သမအောင်ရောနယ်ထားပါ ။ အဆင့် (၂) ဒယ်အိုးထဲသို့ ဆီ၁၀သားခန့်ကို မီးအပူပေးပါ ။ ဆီပူလာပါက သကြားကို အညိုရောင်သန်းလာသည်အထိ ကြော်ပါ ။ အဆင့် (၃) သကြားညိုလာပြီဆိုပါက နယ်ထားသော ဝက်သားများကို ထည့်လိုက်ပါ ။ ဆီပြန်သည်အထိ အရင်ထားပါ ။ ဆီပြန်ပြီဆိုပါက ရေနွေးထည့်ပြီးအသားများနူးသည်အထိနှပ်ထားပါ ။ အသားများနူးပါက အရသာမြည်းကြည့်ပြီး လိုသလို ထပ်မံဖြည့်စွက်ပါ ။ အရသာရှိသော ဝက်သားနီချက်ဟင်းလျာလေးသုံးဆောင်နိုင်ပါပြီ ။ စိတ်ချမ်းသာခြင်းပိုင်ဆိုင်နိုင်ကြပါစေကြောင်း 3M Food court မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် ။
Search This Blog
3M Food Court
Posts
Featured
Latest Posts
Healthy Diet (ကျန်းမာရေးနဲ့ ညီညွတ် သောစားသောက်မှုပုံစံ)
- Get link
- X
- Other Apps
.jpg)

