3M Food court ရဲ့ Signature ဟင်းလို့တောင်တင်စားခံရတဲ့ ၀က်သားနီချက် ဟင်းလျာချက်နည်းလေး‌‌‌ဝေမျှပေးပါမယ်နော်


ခုမျှဝေပေးတဲ့နည်းလမ်း‌လေးကတော့ 3M Food court ရဲ့ ဟင်းချက်နည်းစဥ်အတိုင်းပြောပြပေးသွားမှာပါရှင့်


ပါဝင်ပစ္စည်းလေးတွေကတေ့

  • ၀က်သား ၁ပိသာ

  • သကြား ထမင်းစားဇွန်း ၃ဇွန်း

  • ကြာညှို့အနည်းငယ်

  • ဆား အနည်းငယ် 

  • ဟင်းချိုမှုန့်အနည်းငယ်

  • ဂျင်းအနည်းငယ်

  • ကြက်သွန်ဖြူနီ

  • အ‌ရောင်တင်မှုန့် နနွင်းမှုန့်

ပြုလုပ်ပုံအဆင့်ဆင့် 


  • အဆင့် (၁)

  • ၀က်သားနှင့် ပါ၀င်ပစ္စည်းများကို သမအောင်ရောနယ်ထားပါ

  • အဆင့် (၂)

        ဒယ်အိုးထဲသို့ ဆီ၁၀သားခန့်ကို မီးအပူပေးပါ။ ဆီပူလာပါက သကြားကို အညိုရောင်သန်းလာသည်အထိ ‌‌ကြော်ပါ

  • အဆင့် (၃)

  • သကြားညိုလာပြီဆိုပါက နယ်ထားသော ဝက်သားများကို ထည့်လိုက်ပါ။ ဆီပြန်သည်အထိ အရင်ထားပါ။ ဆီပြန်ပြီဆိုပါက ရေနွေးထည့်ပြီးအသားများနူးသည်အထိနှပ်ထားပါ

  • အသားများနူးပါက အရသာမြည်းကြည့်ပြီး လိုသလို ထပ်မံဖြည့်စွက်ပါ

  • အရသာရှိသော ဝက်သားနီချက်ဟင်းလျာလေးသုံးဆောင်နိုင်ပါပြီ

စိတ်ချမ်းသာခြင်းပိုင်ဆိုင်နိုင်ကြပါစေကြောင်း 3M Food court မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်



Comments